မာတိကာသို့ ခုန်သွားရန်

ဂျီဘူတီနိုင်ငံ

ဝီကီပီးဒီးယား မှ

ကိုဩဒိနိတ်: 11°30′N 43°00′E / 11.500°N 43.000°E / 11.500; 43.000

ဂျီဘူတီ သမ္မတနိုင်ငံ
Djibouti၏ အလံတော်
အလံတော်
Djibouti၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: 
Midnimo, Sinnaan, Nabad (ဆိုမာလီ)
Inkittiino, Qeedala, Wagari (Afar)
Unité, Égalité, Paix (ပြင်သစ်)
اتحاد، مساواة، سلام (အာရပ်)
Unity, Equality, Peace (အင်္ဂလိပ်)
နိုင်ငံတော် သီချင်း: Djibouti
မြို့တော်
နှင့် အကြီးဆုံးမြို့
ဂျီဘူတီမြို့
11°36′N 43°10′E / 11.600°N 43.167°E / 11.600; 43.167
ရုံးသုံး ဘာသာစကားများပြင်သစ်အာရပ် []
အမျိုးသားဘာသာစကား
လူမျိုးစု
ကိုးကွယ်မှု၉၄% အစ္စလာမ်
၆% ခရစ်ယာန်
လူမျိုးDjiboutian
အစိုးရပြည်ထောင်စု ကြီးစိုးပါတီ သမ္မတ သမ္မတနိုင်ငံစနစ်
Ismaïl Omar Guelleh
Abdoulkader Kamil Mohamed
ဥပဒေပြုလွှတ်တော်အမျိုးသားလွှတ်တော်
တည်ထောင်ခြင်း
၁၈၈၃ ခုနှစ် မေလ ၂၀ ရက်
၁၉၆၇ ခုနှစ် ဇူလိုင်လ ၅ ရက်
• ပြင်သစ်မှ လွတ်လပ်ရေးရရှိခြင်း
၁၉၇၇ ခုနှစ် ဇွန်လ ၂၇ ရက်
၁၉၇၇ ခုနှစ် စက်တင်ဘာလ ၂၀ ရက်
၁၉၉၂ ခုနှစ် စက်တင်ဘာလ ၄ ရက်
ဧရိယာ
• စုစုပေါင်း
၂၃,၂၀၀[] km2 (၉,၀၀၀ sq mi)[] (အဆင့်: ၁၄၆)
• ရေထု (%)
၀.၀၉ (၂၀ km² / ၇.၇ sq mi)
လူဦးရေ
• ၂၀၂၀ ခန့်မှန်း
၉၂၁,၈၀၄
• သိပ်သည်းမှု
၃၇.၂/km2 (၉၆.၃/sq mi) (အဆင့် - ၁၆၈)
GDP (PPP)၂၀၁၈ ခန့်မှန်း
• စုစုပေါင်း
$၃.၉၇၄ ဘီလီယံ[]
• Per capita
$၃,၇၈၈[]
GDP (nominal)၂၀၁၈ ခန့်မှန်း
• စုစုပေါင်း
$၂.၁၈၇ ဘီလီယံ[]
• Per capita
$၂,၀၈၄[]
Gini (၂၀၁၇)Negative increase ၄၁.၆[]
အလယ်
HDI (၂၀၁၉)Increase ၀.၅၂၄[]
နိမ့် · ၁၆၆
ငွေကြေးဂျီဘူတီ ဖရန့် (DJF)
အချိန်ဇုန်EAT (UTC+3)
ယာဉ်ကြောစနစ်ညာ
တယ်လီဖုန်းကုဒ်+၂၅၃
Internet TLD.dj

ဂျီဘူတီ (Djibouti) ၏ တရားဝင်အမည်မှာ ဂျီဘူတီသမ္မတနိုင်ငံ (Republic of Djibouti) ဖြစ်သည်။ အာဖရိကတိုက်၏ အရှေ့ဘက်၊ ပင်လယ်နီ၏ ထွက်ပေါက် ဖြစ်သော အရှေ့ဘက် ရေလက်ကြားအနီးရှိ အာဖရိက ဦးချိုဒေသ တွင် တည်ရှိသည်။ မြောက်ဘက်တွင် အီရီထရီးယားနိုင်ငံ၊ အနောက်ဘက်နှင့်တောင်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အရှေ့တောင်ဘက်တွင် ဆိုမာလီယာနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ကျန်သောအရပ်မျက်နှာများတွင် ပင်လယ်နီ နှင့် အေဒင်ပင်လယ်ကွေ့ တို့နှင့် ထိစပ်နေသည်။ ယခင်က ပြင်သစ် ဆိုမာလီနိုင်ငံ ဖြစ်သည့် အဖားနှင့် အစ္စတ်နယ်နှစ်ခုပေါင်းစည်း ထားခြင်းဖြစ်သည်။ ကျဉ်းမြောင်းသော နိုင်ငံငယ်ဖြစ်သော်လည်း ဆူးအက်တူးမြောင်း ပင်လယ်ရေကြောင်း လမ်းခရီး၌ တည်ရှိသောကြောင့် ဤနိုင်ငံငယ်သည် အရေးပါနေလေသည်။၂၀၀၉ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၈၆၅,၀၀၀ မျှသာရှိသော ဂျီဘူတီနိုင်ငံသည် အာဖရိကတိုက်၏ လူနေအကျဲပါးဆုံးသောတိုင်းပြည် ဖြစ်သည်။ [] အစ္စလမ်ဘာသာသည် လူဦးရေ၏ ၉၄% က ကိုးကွယ်ကြပြီး အများစုကိုးကွယ်ရာဘာသာဖြစ်သည်။ ကျန်သော ၆%မှာ ခရစ်ယာန်ဘာသာ ဖြစ်သည်။ ဂျီဘူတီနိုင်ငံတွင် ဆိုမာ လီအနွယ်ဝင် အစ်ဆာလူမျိုး၆၀ % ၊အက်ဖာ လူမျိုး ၃၅% နှင့်အတူ ကျန် ၅% တို့မှာ ဥရောပတိုက်သားများ၊ အာရပ်လူမျိုးများလည်း လူနည်းစုအဖြစ် နေထိုင်ကြသည်။

မြို့တော်မှာ ဂျီဘူတီမြို့ ဖြစ်သည်။ ၁၈၀၀ ပြည့်လွန်နှစ်များတွင် ပြင်သစ်တို့က ဆိုမာလီဆူလတန်တို့နှင့် စာချုပ်အမျိုးမျိုး ချုပ်ဆိုကာ ဂျီဘူတီနှင့် ပြင်သစ်ဆိုမာလီ တို့ကို ကိုလိုနီအဖြစ်သိမ်းပိုက်ခဲ့သည်။ [] နှစ်ပေါင်း ၁ဝဝ ကျော် ပြင်သစ်တို့၏ ကိုလိုနီ ဘဝဖြင့် နေထိုင်ခဲ့ရသော ဂျီဗူတီနယ်သူ နယ်သားများသည် ၁၉၆၇ ခုနှစ် မတိုင်မီကပင် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်၍ လွတ်လပ်ရေး တောင်းဆိုခဲ့ကြ လေသည်။ ပြင်သစ်တို့က လက်မလွှတ်လိုကြသကဲ့သို့ နယ်စပ်ချင်း ဆက်စပ်လျက်ရှိသော အီသီအိုးပီးယားနိုင်ငံနှင့် ဆိုမာလီးယား နိုင်ငံတို့ကလည်း ယင်းတို့၏ နယ်ပယ်များအတွင်းသို့ သွတ်သွင်းလိုကြသည်။

၁၉၇၅ ခုနှစ်တွင် အီသီအိုးပီးယန်း လူမျိုးတို့နှင့် နှီးနွှယ်သော အဖားတိုင်းရင်းသားတို့နှင့် ဆိုမာလီတို့နှင့် နှီးနွှယ်သော အစ္စတ်တိုင်းရင်းသားတို့ ပဋိပက္ခ ဖြစ်ခဲ့ကြ သေးသည်။ သို့သော် အဖားတိုင်းရင်းသားများနှင့် အစ္စတ်တိုင်းရင်းသားများ၏ လွတ်လပ်ရေးကို စုပေါင်းတောင်းဆို ဆန္ဒပြမှုများကြောင့် ၁၉၇၇ ခုနှစ် ဇွန် လ ၂၇ ရက် နေ့ တွင် ဂျီဘူတီနိုင်ငံအဖြစ် လွတ်လပ်ရေး ရခဲ့လေသည်။ လွတ်လပ်ရေးရပြီးသော်လည်း ဂျီဘူတီနိုင်ငံသည် ပြင်သစ်နိုင်ငံနှင့် နက်ရှိုင်းစွာဆက်ဆံပြီး စစ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ ပြင်သစ်ထံမှာ လုံခြုံရေးနှင့် စီးပွားရေးအကူအညီမြောက်မြားစွာ ရယူနေဆဲဖြစ်သည်။ []

လွတ်လပ်ရေးရရှိခဲ့သော ဂျီဗူတီသမ္မတနိုင်ငံအား ၁၄၈ နိုင်ငံမြောက် ကုလသမဂ္ဂ အဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုရန် လုံခြုံရေးကောင်စီက မဲပေးထောက်ခံခဲ့လေသည်။၁၉၇၇၊ စက်တင်ဘာလ (၂၀)ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂ သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့သည်။ [][၁၀]

နိုင်ငံအတွင်း ငါးဖမ်းလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်းများမှအပ အခြားလုပ်ငန်း ကြီးကြီးကျယ်ကျယ် မရှိလှချေ။ ဆားသည်အဖိုးတန်ဆုံးသော ထွက်ကုန်ဖြစ်သည်။ အီသီအိုးပီးယားနိုင်ငံမှ နိုင်ငံခြားကုန်သွယ်ရေးသည် ဂျီဗူတီဆိပ်ကမ်းမြို့မှတစ်ဆင့် ဆက်သွယ်ရလေသည်။ [၁၁]


နိုင်ငံ၏ အကြီးအကဲမှာ သမ္မတဟက်ဆန်ဂူးလက်အက်တီဒွန် ဖြစ်သည်။ ၁၉၇၇ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် နိုင်ငံလွတ် လပ်ရေးရသည့် အချိန်မှအစပြု၍ သမ္မတဖြစ်လာသော အက်တီ ဒွန်သည် ၁၉၈၁ ခုနှစ် ဇွန်လ ရွေးကောက်ပွဲတွင် နောက်သက် တမ်း ခြောက်နှစ်အတွက် ထပ်မံ၍ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ ရသည်။ ဝန်ကြီးချုပ် ဂူရက်ဟာမာဒူသည် သမ္မတရွေးကောက်ပွဲ အပြီး ဇွန်လ ၃ဝ ရက်နေ့တွင် အစိုးရအဖွဲ့ နုတ်ထွက်စာကို သမ္မတထံ တင်သွင်းခဲ့သည်။ သမ္မတက လက်ခံခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် အစိုးရအဖွဲ့သစ်ကို အဓိက ရာထူးပြောင်းလဲမှု မရှိပဲ၊ ယခင်အတိုင်း ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ ပြည်သူ့လုပ် ငန်းနှင့် စက်မှုဝန်ကြီးများသာ လူသစ်များဖြစ်ခဲ့ပြီး ကျန်ပုဂ္ဂိုလ် များမှာ အစိုးရအဖွဲ့ဝင်ဟောင်းများဖြစ်သည်။

ဂျီဗူတီနိုင်ငံသည် အီသီယိုးပီးယားနှင့် ဆိုမာလီးယားနှစ်နိုင်ငံ ပြဿနာတွင် ငြိမ်းချမ်းမှုရစေရန် ကြားဝင် ဆောင်ရွက်ပေးခဲ့ သော နိုင်ငံဖြစ်သည်။ ဂျီဗူတီသမ္မတ အက်တီဒွန်သည် ၁၉၈၁ ခု မတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့ထိ အီသီယိုးပီးယားနိုင်ငံ သို့လည်းကောင်း၊ မတ်လ ၂၁ ရက်မှ ၂၅ ရက်ထိ ကင်ညာ နိုင်ငံသို့လည်းကောင်း၊ ဧပြီလ ၁ဝ ရက်မှ ၁၆ ရက်ထိ ဆိုမာ လီးယားနိုင်ငံသို့လည်းကောင်း၊ ဧပြီလ ၁၈ ရက်မှ ၂ဝ ရက်နေ့ ထိ ဆူဒန်နိုင်ငံသို့လည်းကောင်း၊ တောင်ယီမင်နိုင်ငံသို့လည်း ကောင်း ချစ်ကြည်ရေး ခရီးစဉ်များအဖြစ် သွားရောက်လည်ပတ် ခဲ့သည်။

အီသီယိုးပီးယားနိုင်ငံ ခရီးစဉ်အပြီးတွင် နှစ်နိုင်ငံသမ္မတများ သည် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘော တူညီမှုအရ စီးပွားရေးနည်းပညာနှင့် သိပ္ပံပညာရပ်များတွင် နှစ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်သည်။ ထို့ပြင် သယ်ယူပို့ဆောင်ရေးနှင့် စပ်လျဉ်း၍လည်း အထွေထွေ သဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက် တွင် အီသီယိုပီးယားနှင့် ဂျီဗူတီ မီးရထားလမ်းဖောက်ရေးနှင့် စပ်ဆိုင်သော စီမံချက်များ ပါဝင်လေသည်။ ယင်းမီးရထား လမ်းသည် အီသီယိုပီးယားနိုင်ငံ၏ ပြည်ပပို့ကုန် ၆၁ ရာခိုင် နှုန်းကို တင်ပို့ရာ ခရီးလမ်းဖြစ်ပြီး စောစောပိုင်းက ဆိုမာလီး ယားတို့က ဖျက်ဆီးမှုပြုခဲ့သည်။

ကင်ညာခရီးစဉ် အပြီး၌လည်း ကင်ညာနှင့်ဂျီဗူတီသမ္မတ နှစ်ဦးတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ထပ်မံ၍ ဆုံးဖြတ်အတည်ပြုခဲ့ကြသည်။

ဆိုမာလီးယားနိုင်ငံ ခရီးစဉ်အပြီးတွင်လည်း နှစ်နိုင်ငံသမ္မတ များသည် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး အာဖရိက ဦးချိုဒေသတွင် ငြိမ်းချမ်း ရေးရရှိစေရန် အစွမ်းရှိသရွေ့ ဆောင်ရွက်ကြရန်ကိုလည်း နှစ် နိုင်ငံပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။ ဂျီဗူတီ အမျိုးသားလွှတ်တော် သဘာပတိ အက်ဒီကာဒါဝါ ဘရီသည် စက်တင်ဘာလ ၁၆ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည်။

ဂျီဗူတီနိုင်ငံသည် အနောက်ဂျာမနီနှင့် အီရတ်နိုင်ငံများထံမှ အကူအညီ အထောက်အပံ့များ ရရှိမည်ဖြစ်ကြောင်းဖြင့် ဂျီဗူတီ အစိုးရပိုင်းက ကြေညာသည်။ အီရတ်နိုင်ငံမှ ဒေါ်လာ ၄၈၅ဝဝဝ အကူအညီရရှိမည်ဖြစ်ပြီး၊ အနောက်ဂျာမနီနိုင်ငံထံမှ ခရီးသည် တင် သင်္ဘောတစ်စင်း၊ ယာဉ်မျိုးစုံတစ်ဒါဇင်နှင့်အတူ ရေဒီယို ပစ္စည်းများပါ ရရှိမည်ဖြစ်ကြောင်းဖြင့် မတ်လ ၂၃ ရက်နေ့တွင် ကြေညာသည်။

ဂျီဗူတီနိုင်ငံတွင် လွန်ခဲ့သော နှစ်နှစ်ခန့်မှစ၍ မိုးခေါင်နေခဲ့ ရာမှ ၁၉၈၁ ခုနှစ်မတ်လအတွင်း၌ မိုးသည်းထန်စွာရွားသွန်းခဲ့ သည်။ ဂျီဗူတီအရှေ့မြောက်ပိုင်းတွင် ရေလျှံမှုကြောင့် လူတစ် သိန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လူ ၂၅ ဦး သေဆုံးခဲ့ရသည်။ ဂျီဗူ တီနိုင်ငံသို့ နိုင်ငံအများအပြားမှ အရေးပေါ်အကူအညီများ ပေးခဲ့ ကြပြီး အစ္စလာမ်မစ်ကွန်ဖရင့်အဖွဲ့၏ သွေးစည်းညီညွတ်ရေး ရန်ပုံငွေမှ ဒေါ်လာသုံးသိန်းထောက်ပံ့ရန် ကတိပြုခဲ့လေသည်။

[၁၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. DjiboutiWorld Factbook။ Central Intelligence Agency (2007-09-06)။ 2 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-09-18 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ DjiboutiThe World Factbook။ CIA (5 February 2013)။ 26 February 2013 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ Djiboutiအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့
  4. Gini Index coefficient။ CIA World Factbook။ 12 August 2021 တွင် ပြန်စစ်ပြီး။
  5. Human Development Report 2019 (PDF) (in en)။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (10 December 2019)။ 30 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 September 2021 တွင် ပြန်စစ်ပြီး။
  6. World Bank country data Djibouti (2009) (number rounded)
  7. Djibouti,Geography,Government,History
  8. Djibouti: Government >> globalEDGE: Your source for Global Business Knowledge
  9. Djibouti in History - On This Day
  10. United Nations member states
  11. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)
  12. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၂)