မာတိကာသို့ ခုန်သွားရန်

စစ်ရေးချုပ်

ဝီကီပီးဒီးယား မှ
စစ်ရေးချုပ်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တံဆိပ်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး
 တပ်မတော်
အမျိုးအစားစစ်ဘက်ဆိုင်ရာ ရာထူး
အစီရင်ခံရသူ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)
ရုံးတည်နေရာကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရေးချုပ်ရုံး
ခန့်အပ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
လက်ထောက်
  • ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး (တွဲဖက်စစ်ရေးချုပ်-၁)
  • ဗိုလ်ချုပ် ဇင်မင်းထက် (တွဲဖက်စစ်ရေးချုပ်-၂)
အဆင့် / တံဆိပ် အဆောင်အယောင်များ

ဒုတိယဗိုလ်ချုပ်ကြီး

မြန်မာ့တပ်မတော်တွင် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ တပ်ရေးပိုင်းဆိုင်ရာ အရာရှိတစ်ဦးထားသကဲ့သို့ စစ်ဌာနချုပ်/တိုင်းစစ်ဌာနချုပ်များတွင် စစ်ရေးဌာနများထားရှိပြီး ယင်းအထက်တွင် စစ်ရေးနှင့်ပတ်သက်သော အမြင့်ဆုံးအရာရှိချုပ်မှာ စစ်ရေးချုပ်ဖြစ်သည်။ မြန်မာ့တပ်မတော်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ လက်အောက်တွင် စစ်ရေးချုပ်ရုံးကို ထားရှိသော်လည်း စစ်ရေးချုပ်ရုံးသည် ကြည်းတပ်သာမက ရေတပ်နှင့် လေတပ်တို့၏ စစ်ရေးပိုင်းဆိုင်ရာတို့ကိုပါ ဆောင်ရွက်ရသည်။ စစ်ရေးချုပ်၏ လုပ်ငန်းများမှာ တပ်ရင်း/တပ်ဖွဲ့များ၏ မှတ်တမ်းများ၊ စာရင်းများထားရှိခြင်း၊ တပ်ဖွဲ့ဝင်များ၏ ကိုယ်ရေးနှင့်ပတ်သက်ပြီး အမိန့်၊ ညွှန်ကြားချက်များကို ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။ လက်ရှိ စစ်ရေးချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး ဖြစ်သည်။

ကိုးကား

[ပြင်ဆင်ရန်]