စောမိုရှေး
ပုံပန်းသွင်ပြင်
စောမိုရှေး | |
---|---|
သစ္စာခံနိုင်ငံ | ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် |
ရာထူးအဆင့် | စစ်ဦးစီးချုပ် |
တိုက်ပွဲ/စစ်ပွဲများ | မြန်မာပြည်တွင်း ပဋိပက္ခ |
စောမိုရှေး သည် ကရင်လူမျိုး စစ်ဖက်ဆိုင်ရာခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကရင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ဒီကေဘီအေ တပ်မဟာ ၅ ၏ စစ်ဦးစီးချုပ် ဖြစ်သည်။ ဒီကေဘီအေ တပ်မဟာ ၅ ၏ မူလ စစ်ဦးစီးချုပ်ဖြစ်သော ဗိုလ်နှုတ်ခမ်းမွှေး ခေါ် စောလားပွယ် လည်ချောင်းကင်ဆာဖြင့် ကွယ်လွန်ပြီးနောက် ဒီကေဘီအေ တပ်မဟာ ၅ ၏ အရေးပေါ် အစည်းအဝေးတွင် စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ စောမိုရှေးသည် ယခင်က ဒီကေဘီအေ တပ်မဟာ ၅ တွင် ဒုတိယ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။[၁][၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "DKBA appoints new Commander-in-Chief" (in en)၊ Mizzima၊ 22 April 2016။ 14 January 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 8 January 2018။
- ↑ "Ethnic Leaders Call on Govt for Inclusion, Cessation of Hostilities"၊ The Irrawaddy၊ 27 July 2015။ 8 January 2018 တွင် ပြန်စစ်ပြီး။
ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |