ဆတ်နွား
အီလန်တောဆိတ် | |
---|---|
A bull common eland in Etosha National Park in Namibia | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
မျိုးရင်း: | Bovidae |
မျိုးရင်းသေး: | Bovinae |
မျိုးဇာတ်: | Tragelaphini |
မျိုးစု: | Taurotragus |
မျိုးစိတ်: | T. oryx
|
ဒွိနာမ | |
Taurotragus oryx (Pallas, 1766)
| |
မျိုးစိတ်ခွဲ | |
| |
Distribution of the common eland over the ဆာဗာနားs and လွင်ပြင်s in eastern and southern အာဖရိက | |
Synonyms | |
Species synonymy[၂]
|
ဆတ်နွား (ခေါ်) (အင်္ဂလိပ်: Common Eland, lit. 'အီလန်တောဆိတ်') ကို အီလန်ဆိတ်သမင်၊ ရိုးရိုးအီလန်၊ တောင်ပိုင်းအီလန် စသည်ဖြင့်လည်း ခေါ်တွင်သေးသည်။ အာဖရိကတိုက်အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ မြေပြန့်လွင်ပြင်ဒေသများနှင့် ဆာဗားနားမြက်ခင်းပြင်များတွင် ကျက်စားသော တောဆိတ် (အန်တီလုပ်) တစ်မျိုး ဖြစ်သည်။ ဘိုဗီဒေးမျိုးရင်းတွင် ပါဝင်သည်။[၃]
တောဆိတ် (အန်တီလုပ်)အများစုသည် ကြောက်ရွံ့တတ်သော်လည်း မြေကြီး မှ ပခုံးစွန်းအထိ ၆ ပေမြင့်သည့် ဆတ်နွားမှာ မကြောက်ရွံ့ချေ။ ဆတ်နွားများသည် ရာနှင့်ချီ၍ အုပ်ဖွဲ့ကာ ကျက်စားကြသည်။ ဆတ်နွားသည် မြင့်လည်းမြင့်၊ အား လည်းကောင်းသည်။ ဆတ်နွား၏ သေးသွယ်၍ တွန့်လိမ်လျက်ရှိသော ဦးချိုသည် နှစ်ပေခွဲရှည်၏။ မျက်စိနှစ်လုံးကြား နဖူးပေါ်၌ အမွေးမည်းများစုလျက်ရှိသည်။ ထိုအမွေးမည်းများသည် ဆတ်နွားအဖို၌သာရှိ၍ အမတွင်မရှိချေ။ အမ၏ ဦးချိုသည် အဖို၏ဦးချိုထက် ပို၍ ရှည်သော်လည်း အဖို၏ဦးချိုလောက် မခိုင်ခံ့ချေ။[၄]
ဆတ်နွားများကို အီသီယိုးပီးယား၊ ကင်ညာ၊ တောင်ဆူဒန်၊ တန်ဇန်းနီးယား၊ ယူဂန်ဒါ၊ ရဝမ်ဒါ၊ ဘူရွန်ဒီ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘော့ဆွာနာ၊ လီဆိုသို၊ ဆွာဇီလန်၊ မာလဝီ၊ မိုဇမ်ဘစ်၊ နမီးဘီးယား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ တောင်အာဖရိကနိုင်ငံများတွင် တွေ့ရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ IUCN SSC Antelope Specialist Group (2008). "Tragelaphus oryx". IUCN Red List of Threatened Species 2008. IUCN.
- ↑ Wilson၊ D.E.; Reeder၊ D.M., eds. (၂၀၀၅)။ ကမ္ဘာပေါ်တွင်ရှိသော နို့တိုက်သတ္တဝါမျိုးစိတ်များ: မျိုးရိုးခွဲခြားခြင်းနှင့် ပထဝီမြေမျက်နှာပြင်ဆိုင်ရာ ရည်ညွှန်းကျမ်း (တတိယအကြိမ် ed.)။ ဂျွန်ဟော့ကင်းတက္ကသိုလ် ပုံနှိပ်တိုက်။ p. 696–7။ ISBN 978-0-8018-8221-0။ OCLC 62265494။
- ↑ Pappas, LA; Elaine Anderson; Lui Marnelli; Virginia Hayssen (5 July 2002). "Taurotragus oryx" (PDF). Mammalian Species 689: 1–5. doi:10.1644/1545-1410(2002)689<0001:TO>2.0.CO;2.
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)
ဤ နို့တိုက်သတ္တဝါအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
- IUCN အနီရောင်စာရင်းရှိ မျိုးသုဉ်းရန်အန္တရာယ်နည်းပါးသော မျိုးစိတ်
- နို့တိုက်သတ္တဝါ ဆောင်းပါးတိုများ
- Taxonbars with automatically added original combinations
- ခွာစုံပါသော တိရစ္ဆာန်များ
- အီသီယိုးပီးယားနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ကင်ညာနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- တောင်ဆူဒန်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- တန်ဇန်းနီးယားနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ယူဂန်ဒါနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ရဝမ်ဒါနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ဘူရွန်ဒီနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ဘော့ဆွာနာနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- လီဆိုသိုနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ဆွာဇီလန်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- မာလဝီနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- မိုဇမ်ဘစ်နိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- နမီးဘီးယားနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ဇမ်ဘီယာနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- ဇင်ဘာဘွေနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ
- တောင်အာဖရိကနိုင်ငံတွင် တွေ့ရသော နို့တိုက်သတ္တဝါများ