လူသားတစ်ဦး၏လိင်တံအရွယ်အစား
ပုံမှန်အနေအထား နှင့် တင်းမာနေသည့်အခါမျိုးတို့တွင် လူတို့၏ လိင်တံအရှည်နှင့် လုံးပတ်အနေအထားသည် လူအများစုတွင် တူညီမှုမရှိပေ။ ထိုသို့ သဘာဝအတိုင်း ကွာခြားမှုများအပြင် အမျိုးသားတစ်ဦးတွင် လိင်တံ၏ပုံစံသည် အနည်းငယ်ကွာခြားသည့် အချက်များလည်းရှိရာ ၎င်းတို့မှာ စိတ်ဆန္ဒဖြစ်သည့်အနေအထား၊ နေ့တစ်၏ အချိန်ကာလ၊ အပူချိန် နှင့် လိင်ဆက်ဆံသည့်အကြိမ်အရေအတွက် တို့ဖြစ်ကြသည်။ ဥပမာအားဖြင့် လူသား၏လိင်တံအား မျောက်ကြီးမျိုးဖြစ်သော ဂေါ်ရီလာများကဲ့သို့သော ပရိုင်းမိတ်ကောင်များ (အဆင့်မြင့်နို့တိုက်သတ္တဝါ လူ/လူဝံ/မျောက်ဝံ...) နှိုင်းယှဉ်ကြည့်ပါက လူသားများ၏ လိင်တံသည် လုံးပတ်အကြီးဆုံးဖြစ်သည်။ နှိုင်းယှဉ်ရာတွင် အလုံးစုံအနေအထားဖြင့်သော်လည်းကောင်း ခန္ဓာကိုယ်၏ အခြားသောအစိတ်အပိုင်းများနှင့်သော်လည်းကောင်း နှိုင်းယှဉ်ကြည့်ခြင်းဖြစ်၏ ။
လေ့လာမှုများ
[ပြင်ဆင်ရန်]အရှည်
[ပြင်ဆင်ရန်]ပုံမှန်အခြေအနေ
[ပြင်ဆင်ရန်]လေ့လာမှုတစ်ခုအရ ပုံမှန်အခြေအနေ၌ လိင်တံအရှည်သည် ၃.၅ လက်မ (၈.၉ စင်တီမီတာ) (ထိုလေ့လာမှုဆောင်ရွက်သူများ၏ တိုင်တာမှု) ရှိသည်ဟု သိရသည် ။ [၁] လေ့လာမှုများစွာ၏ သုံးသပ်ချက်အရ ပျမ်းမျှအားဖြင့် ပုံမှန်အခြေအနေ၌ အရှည်သည် ၉–၁၀ စင်တီမီတာ (၃.၅–၃.၉ လက်မ)ရှိနေတတ်သည်။ [၂] ပုံမှန်အခြေအနေ၌ လိင်တံ၏အရှည်သည် လိင်တံတင်းမာသည့်အခါ ဖြစ်ပေါ်လာသော အရှည်နှင့် မဖြစ်မနေ အချိုးကြ ကိုက်ညီမှုရှိစရာလိုပေ။ ပုံမှန်အနေအထား၌ သေးငယ်သော လိင်တံသည် ပို၍များစွာ ရှည်လာတတ်သည်များရှိသကဲ့သို့ ပုံမှန်အနေအထား၌ ရှည်လျားသော လိင်တံသည် ပို၍များပြားစွာ မရှည်သည်များလည်း ရှိသည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Penile Length in the Flaccid and Erect States: Guidelines for Penile Augmentation" .
- ↑ "Penile size and the 'small penis syndrome'" .
- ↑ Penis Size FAQ & Bibliography။ Kinsey Institute။ 2013-11-07 တွင် ပြန်စစ်ပြီး။