လျှပ်စစ်စွမ်းအင်
ပုံပန်းသွင်ပြင်
လျှပ်စစ်စွမ်းအင်မှာ လျှပ်စစ်အတည်စွမ်းအင်(electric potential energy)(သို့) အရွေ့စွမ်းအင်(kinetic energy)မှ ပြောင်းလဲရရှိသည့်စွမ်းအင်ဖြစ်သည်။
အရေးပါမှု
[ပြင်ဆင်ရန်]လျှပ်စစ်စွမ်းအင်မှာ အောက်ပါအချက်များကြောင့် အခြားသော စွမ်းအင်များထက် သာလွန်ကောင်းမွန်နေသည်။
- အဆင်ပြေသော အနေအထား- လျှပ်စစ်စွမ်းအင်မှာ အလွန်အဆင်ပြေသော အနေအထားတွင်ရှိသည်။အခြားသော စွမ်းအင်ပုံစံများသို့ အလွယ်တကူပြောင်းလဲနိုင်သည်။ဥပမာ- လျှပ်စစ်စွမ်းအင်မှ အပူစွမ်းအင်ကို ကူးပြောင်းလိုလျှင် ခုခံအားမြင့်သော ဝါယာကြိုးကို လျှပ်စီး စီးစေလိုက်လျှင် ရနိုင်သည်။ အပူပေးစက် (heater) ကိုနမူနာကြည့်ပါ။ထိုနည်းတူစွာ လျှပ်စစ်စွမ်းအင်ကို အလင်းစွမ်းအင် (ဥပမာ-မီးသီး)၊ စက်မှုစွမ်းအင် (ဥပမာ-လျှပ်စစ်မော်တာ) စသည်တို့ကိုလည်း လွယ်ကူစွာ ကူးပြောင်းနိုင်သည်။
- လွယ်ကူစွာ ထိန်းချုပ်နိုင်ခြင်း- လျှပ်စစ်ထိန်းချုပ်ကိရိယာများသည် လွယ်ကူပြီး အဆင်ပြေသော စတင်ခြင်း၊ထိန်းချုပ်ခြင်း ဆောင်ရွက်နိုင်ခြင်းများရှိသည်။ဥပမာ- လျှပ်စစ်မော်တာတစ်ခုကို ခလုတ်တစ်ခုဖြင့် ဖွင့်နိုင်၊ပိတ်နိုင်သည်။ထိုနည်းတူစွာပင် အမြန်နှုန်းကိုလည်း လွယ်ကူစွာ ပြောင်းလဲနိုင်သည်။
- ရွှေ့ပြောင်းရန် လွယ်ကူခြင်း- လျှပ်စစ်စွမ်းအင်၏ အခြားသော ကောင်းမွန်သည့်အချက်မှာ လွယ်ကူစွာ ရွှေ့ပြောင်းနိုင်သည်။ရွှေ့ပြောင်းနိုင်သည်ဆိုသည်မှာ လျှပ်ကူးပစ္စည်းများ၏ အကူအညီဖြင့် တစ်နေရာမှ တစ်နေရာသို့ သွယ်တန်းနိုင်ခြင်းဖြစ်သည်။ဥပမာ- မီးကြိုးသွယ်တန်းခြင်း
- ဈေးသက်သာခြင်း- လျှပ်စစ်စွမ်းအင်မှာ အခြားသော စွမ်းအင်များထက် ကုန်ကျစရိတ် သက်သာသည်။ဥပမာ- စက်တစ်လုံးကို လောင်စာစွမ်းအင်ဖြင့် လည်ပတ်ခြင်းထက် လျှပ်စစ်စွမ်းအင်ဖြင့် လည်ပတ်ခြင်းက ပို၍ စရိတ်သက်သာသည်။ထို့ကြောင့် လျှပ်စစ်စွမ်းအင်ကို အိမ်သုံး၊ စီးပွားရေးသုံး စသည်ဖြင့် တွင်ကျယ်စွာ အသုံးပြုကြသည်။
- သန့်ရှင်းခြင်း- လျှပ်စစ်စွမ်းအင်ကို သုံးစွဲခြင်းဖြင့် မီးခိုးများ၊ အဆိပ်အတောက်ဖြစ်စေသော ဓာတ်ငွေ့များ ထွက်လာခြင်းမရှိပေ။
- မြင့်မားသော သယ်ယူရေး ကောင်းကျိုးရရှိခြင်း- ယေဘုယျအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာစက်ရုံများသည် သုံးစွဲသူများနှင့် ဝေးလံသော နေရာတွင် တည်ရှိသည်။လျှပ်စစ်စွမ်းအင်သည် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရာလိုင်းများမှတစ်ဆင့် သုံးစွဲသူများထံသို့ အဆင်ပြေစွာ ရောက်ရှိသည်။[၁]
လျှပ်စစ်စွမ်းအားထုတ်လုပ်ခြင်း
[ပြင်ဆင်ရန်]လျှပ်စစ်စွမ်းအားထုတ်လုပ်ခြင်းမှာ အခြားစွမ်းအင်မှ လျှပ်စစ်စွမ်းအင်ထုတ်ယူခြင်းဖြစ်သည်။
လျှပ်စစ်စွမ်းအားထုတ်လုပ်ခြင်း၏ အခြေခံနိယာမများကို ၁၈၂၀ခုနှစ်နှင့် ၁၈၃၀အစောပိုင်းကာလများက မိုက်ကယ်ဖာရာဒေးမှတွေ့ရှိခဲ့သည်။သူ၏နိယာမကိုယခုတိုင်အသုံးပြုနေသေးသည်။[၂]
လျှပ်စစ်သုံးစွဲမှုတွင် ပထမအခြေခံမှာထုတ်လုပ်ခြင်းဖြစ်သည်။အခြားသော ထုတ်လွှတ်ခြင်း၊ဖြန့်ဖြူးခြင်း စသည်တို့လည်းရှိသည်။
လျှပ်စစ်စွမ်းအင်ကို များသောအားဖြင့် လျှပ်စစ်ထုတ်လုပ်ရာစက်ရုံများတွင် ထုတ်လုပ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ https://www.amazon.co.uk/Principles-Power-System-V-K-Mehta/dp/8121924960
- ↑ Michael Faraday House။ 8 November 2015 တွင် ပြန်စစ်ပြီး။