ဝင်းမြင့် (နိုင်ငံတော်သမ္မတ)
ဦးဝင်းမြင့် | |
---|---|
ဦးဝင်းမြင့် (၂၀၂၀) | |
ဒသမမြောက် မြန်မာနိုင်ငံ၏ သမ္မတ | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၈ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ဒုတိယ သမ္မတ | ဦးမြင့်ဆွေ ဦးဟင်နရီဗန်ထီးယူ |
ယခင်လူ | ဦးထင်ကျော် |
ဆက်ခံသူ | ဦးမြင့်ဆွေ (ယာယီသမ္မတ) |
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၂၁ မတ် ၂၀၁၈ | |
လက်ထောက် | ဦးတီခွန်မြတ် |
ယခင်လူ | သူရဦးရွှေမန်း |
ဆက်ခံသူ | ဦးတီခွန်မြတ် |
ပြည်သူ့လွှတ်တော် အမတ် | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၁၆ – ၂၃ မတ် ၂၀၁၈ | |
ယခင်လူ | ဒေါ်လဲ့လဲ့ဝင်းဆွေ (ပြည်ခိုင်ဖြိုး) |
မဲဆန္ဒနယ် | တာမွေမြို့နယ် |
ပြည်သူ့လွှတ်တော် အမတ် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | ဦးသန်းထွန်း |
ဆက်ခံသူ | ဦးဝေလှိုင်ထွန်း (NLD) |
မဲဆန္ဒနယ် | ပုသိမ်မြို့နယ် |
ပြည်သူ့လွှတ်တော် အမတ် | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | အခြေခံဥပဒေ ဖျက်သိမ်း |
မဲဆန္ဒနယ် | ဓနုဖြူမြို့နယ် မဲဆန္ဒနယ် (၁) |
အနိုင်ရမဲ အရေအတွက် | ၂၀,၃၈၈ (၅၆%) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ညောင်ချောင်းရွာ၊ ဓနုဖြူမြို့နယ်၊ ဧရာဝတီတိုင်း | နိုဝင်ဘာ ၈၊ ၁၉၅၁
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
ကြင်ဖော်(များ) | ဒေါ်ချိုချို |
သွေးသားတော်စပ်သူ | ဦးထွန်းကြင်(ဖခင်) ဒေါ်သန်း (မိခင်) |
မိခင်ကျောင်း | ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် |
အလုပ်အကိုင် | နိုင်ငံရေးသမား၊ ရှေ့နေ |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဦးဝင်းမြင့် (၈ နိုဝင်ဘာ ၁၉၅၁ မွေးဖွား) သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ၁၀ ဦးမြောက် နိုင်ငံတော်သမ္မတ ဖြစ်သည်။ မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် တွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် အမတ် ဖြစ်သည်။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ၁ ဖေဖော်ဝါရီ ၂၀၁၆ မှ ၂၁ မတ် ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၁]
အစောပိုင်းဘဝ
ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာ မူလတန်းကျောင်း၊ ဓနုဖြူမြို့ အထက်တန်းကျောင်း၊ ပုသိမ်မြို့ အမှတ် ၆ အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။[၂] ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့နှင့် H.G.P., R.L တို့ကို ရရှိခဲ့သည်။[၃]
ဝန်ထမ်းဘဝ
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နှင့် ပုသိမ်မြို့တို့တွင် အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၃][၄][၂]
နိုင်ငံရေး
ဦးဝင်းမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။[၄]
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် မဲအရေအတွက် ၂၀,၃၈၈ (၅၆%) ဖြင့် အနိုင်ခဲ့ရသည်။[၃] ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။
ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခဲ့သည်။[၅]
နိုင်ငံတော်သမ္မတ
နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်ပြီးနောက် ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သော ဦးဝင်းမြင့်နှင့် ဦးသောင်းအေးတို့အား ဒုတိယ သမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းခဲ့ရာ ဦးဝင်းမြင့်က ၂၇၃ မဲဖြင့် ဒုတိယသမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။[၄]မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြောက်ပွဲ၌ မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတဖြစ်လာသည်။
၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဦးဝင်းမြင့်သည် နိုင်ငံခြားသား ၅၁ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၃၆ ဦး အပါအဝင် အကျဉ်းသား ၈၅၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။[၆]
၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် တပ်မတော်သည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ရာ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အခြားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
၂၀၂၁ မေလ ၂၄ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ သီးသန့် တရားရုံး၌ စတင်ရုံးထုတ်သည်။[၇]
အောက်တိုဘာ ၁၁ ရက်နေ့တွင် နေပြည်တော်တရားသူကြီးက ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ချမှတ်ရန် တရားစွဲချက်တင်ခဲ့သည်။[၈] အောက်တိုဘာ ၁၂ ရက်၌ ဦးဝင်းမြင့်၏ ထွက်ဆိုချက်တွင် အာဏာသိမ်းယူစဉ်က တပ်မတော် ထိပ်ပိုင်းဗိုလ်ချုပ်ကြီးနှစ်ဦးသည် ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှနုတ်ထွက်စေလိုခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။[၉]
၂၀၂၁ ဒီဇင်ဘာ ၆ရက်နေ့ တွင် ဦးဝင်းမြင့်အား နေပြည်တော်အထူးတရားရုံးက ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် နှင့် သဘာဝဘေးစီမံခန့်ခွဲရေး ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၄နှစ်ချမှတ်ခဲ့သည်။[၁၀] [၁၁]ထိုနေ့ ညနေပိုင်းမှာပင် စစ်ကောင်စီက ဦးဝင်းမြင့် အပေါ်ချမှတ်ခံထားရသည့် ထောင် (၄) နှစ်ထဲမှ ထောင်(၂) နှစ် လျှော့ပေါ့ကြောင်း စာထုတ်သည်။[၁၂] ၂၀၂၂ စက်တင်ဘာ ၂ရက်တွင် ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်အမှုဖြင့် ထောင်ဒဏ် (၃) နှစ်၊ [၁၃] ၂၀၂၂ ဒီဇင်ဘာ ၃၀ရက် တွင် ရဟတ်ယာဉ်ဝယ်ယူ၊ငှားရမ်းသည့်ကိစ္စနှင့် စပ်လျဉ်းသည့် အဂတိအမှု(၅)မှုဖြင့် ထောင်(၇) နှစ်[၁၄] ချမှတ်ခံခဲ့ရ၍ ကျခံရသည့် ထောင်ဒဏ်မှာ စုစုပေါင်း ထောင် ၁၂ နှစ်အထိ ရှိခဲ့သည်။
နေပြည်တော်ရှိ သီးခြားနေရာတစ်ခုတွင် နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားရာမှ ၂၀၂၃ ဇန်နဝါရီ ၁၄ တွင် ဦးဝင်းမြင့်အား တောင်ငူအကျဉ်းထောင်သို့ ပြောင်းရွှေအကျဉ်းချခဲ့သည်။[၁၅]
၂၀၂၃ ဩဂုတ် ၁ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ်၊ ၄၉ / ၂၀၂၃ ဖြင့် ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံး များက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ်၊ ၃၅/၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ်၊ ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့်ပြုသည်။[၁၆][၁၇]
ကိုးကား
- ↑ "Names of Pyithu Hluttaw representatives announced"၊ Union Election Commission၊ Government of Myanmar၊ 2 April 2012။ 5 October 2012 တွင် ပြန်စစ်ပြီး။ Archived from the original on 9 May 2012။
- ↑ ၂.၀ ၂.၁ ဦးဝင်းမြင့် ကိုယ်ရေးအကျဉ်း။ ပြည်ထောင်စုလွှတ်တော်။ 23 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ Khin Kyaw Han (1 February 2003)။ Brief Biographies of Elected MPs။ 1990 Multi-party Democracy General Elections။ 5 October 2012 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ ၄.၂ ဒုတိယသမ္မတအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌေဟာင်း ဦးဝင်းမြင့်အား ရွေးချယ်တင်မြှောက်။ Eleven Media Group (၂၃ မတ် ၂၀၁၈)။ 26 March 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ဦးဝင်းမြင့် လွှတ်တော် ဥက္ကဋ္ဌတာဝန်ကနေ နုတ်ထွက်။ လွတ်လပ်တဲ့ အာရှအသံ (၂၁ မတ် ၂၀၁၈)။ ၂၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ "Myanmar's President Grants Amnesty to 8,500 Prisoners" (in en)၊ VOA၊ 17 April 2018။
- ↑ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာ မျိုးအောင် တို့အပေါ် စွဲဆိုထားသည့်အမှုများကို သီးသန့်တရားရုံး၌ တရားစီရင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်
- ↑ Judge indicts Suu Kyi and Win Myint for alleged breach of Covid-19 rules (in en)။ 2021-10-14 တွင် ပြန်စစ်ပြီး။
- ↑ "Ex-Myanmar president says army tried to force him to cede power hours before coup" (in en)၊ Reuters၊ 2021-10-12။
- ↑ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သမ္မတ ဦးဝင်းမြင့် ထောင်ဒဏ် ၄ နှစ်စီချ။ သျှမ်းသံတော်ဆင့်။[လင့်ခ်သေ]
- ↑ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်ကောင်စီက ထောင်ဒဏ်လေးနှစ်စီချမှတ်။ RFA Burmese။
- ↑ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အဂတိမှု ၅ မှုဖြင့် ထပ်မံတရားစွဲခံရ။ Irrawaddy Burmese။
- ↑ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်။ Mizzmia။
- ↑ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် ထောင် ၇ နှစ်စီ ထပ်ချခံရ။ Irrawaddy Burmese။
- ↑ "သမ္မတဦးဝင်းမြင့် တောင်ငူထောင် ရွှေ့ပြောင်းအကျဉ်းချခံရ"၊ ဧရာဝတီ၊ 2023-01-14။
- ↑ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်။ MOI Myanmar (၁ ဩဂုတ် ၂၀၂၃)။ ၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ရဲ့ အမှုတချို့ကို စစ်ကောင်စီ လွတ်ငြိမ်းပေး။ RFA Burmese (၁ ဩဂုတ် ၂၀၂၃)။ ၁ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
နိုင်ငံရေးဆိုင်ရာ ရုံးများ | ||
---|---|---|
ယခင်က ဦးမြင့်ဆွေ ယာယီ |
မြန်မာနိုင်ငံ၏ သမ္မတ ၂၀၁၈–၂၀၂၁ |
ဆက်ခံသူ ဦးမြင့်ဆွေ ယာယီ |