ဝိဘင်း
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
ပါဠိလိုဝိဘင်္ဂကို မြန်မာလို ဝိဘင်း (ဝိဘင်းကျမ်း)ဟု ခေါ်သည်။ ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပြသော ကျမ်းဟု အဓိပ္ပာယ်ရသည်။ ဓမ္မသင်္ဂဏီကျမ်း၌ ရေတွက်ပြထားသည့် မာတိကာ ခေါင်းစဉ် အတိုင်း တိုက် ၂၂-တိုက်နှင့် ဒုက် ၁ဝဝ-ဒုက်တို့ကိုပင် ခန္ဓဝိဘင်း, အာယတနဝိဘင်း, ဓာတုဝိဘင်း, ဣန္ဒြိယဝိဘင်း, ပဋိစ္စသမုပ္ပါဒ်ဝိဘင်း စသည်ဖြင့် ခေါင်းစဉ်ကြီး ၁၈-ခုထားကာ သုတ္တန်နည်း, အဘိဓမ္မာနည်း, အမေးအဖြေနည်းဟူသော နည်းသုံးနည်းတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ၍ အသေးစိတ်ဟောတော်မူသည်။
ဥပမာ-ဓမ္မသင်္ဂဏီကျမ်း၌ ဝေဒနာစေတသိက်ကို ၅-ပါး၊ ၆-ပါး၊ ၁၂-ပါးစသည်လောက်သာ ဝေဖန်ဟောထားသော်လည်း ဝိဘင်းကျမ်း၌မူ ဝေဒနာမျိုးပေါင်း (၁၀၇ဝ၇၆)ပါးအထိ ခွဲခြမ်းစိတ်ဖြာ၍ အသေးစိတ် ဟောကြားထားသည်။ သညာစေတသိက်ကိုလည်း သညာပေါင်း (၁၂၂၉၆၄)ပါးအထိ ဝေဖန်ဟောကြားထားသည်။ [၁]
နည်း ၃-နည်း မှာ
[ပြင်ဆင်ရန်]- တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း (သုတ္တန္တဘာဇနီယနယ)
- အထက်တန်း တရားနာပုဂ္ဂိုလ်များသာ နားလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း (အဘိဓမ္မာဘာဇနီယနယ)
- တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း (ပဉှာပုစ္ဆကနယ) …
တို့ဖြစ်သည်။
ဘာသာပြန်ခြင်းများ
[ပြင်ဆင်ရန်]အဘိဓမ္မာပိဋကတ်၏ ဒုတိယကျမ်းဖြစ်သော ဝဘင်္ဂ (သို့) ဝိဘင်းကျမ်းကို အင်္ဂလိပ်ဘာသာသို့ အရှင်သေဋ္ဌိလက The Book Of Analysis အမည်ဖြင့် ပထမဆုံး စတင်ပြန်ဆိုခဲ့သည်။ ထိုစာအုပ်တွင် စာမျက်နှာ (၅၆၀) ပါရှိပြီး (၁၈) ခန်းခွဲ၍ ရေးသားထားကာ လန်ဒန်ရှိ ပါဠိစာပေအသင်းက ၁၉၆၉ တွင် ပထမအကြိမ်အနေဖြင့် ထုတ်ဝေခဲ့သည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ကျမ်းပြုမှူး ဦးအေးနိုင်၊ ဒု-ကျမ်းပြုမှူး ဦးညွန့်ဇော်။ ဗုဒ္ဓအဘိဓမ္မာ စေတသိက်များအဖွင့်။
- ↑ tr U Thittila, 1969/1988, Pali Text Society[၁], Bristol
ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |