သန်းဆွေ (ဝန်ကြီး)
H.E ဦးသန်းဆွေ | |
---|---|
မြန်မာနိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၃ ဩဂုတ် ၂၀၂၃ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးဝင်းရှိန်တို့နှင့်အတူ | |
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
၂၂ဦးမြောက် နိုင်ငံခြားရေး ဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | မင်းအောင်လှိုင် |
ယခင်လူ | ဝဏ္ဏမောင်လွင် |
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁ ဖေဖော်ဝါရီ ၂၀၂၁ – ၁၉ ဩဂုတ် ၂၀၂၂ | |
ယခင်လူ | ဒေါက်တာဝင်းသိမ်း |
ဆက်ခံသူ | ဒေါက်တာမောင်မောင်နိုင် |
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၊ဥက္ကဋ္ဌ | |
တာဝန်သက်တမ်း ၁၉ ဩဂုတ် ၂၀၂၂ – ၁ ဖေဖော်ဝါရီ ၂၀၂၃ | |
ယခင်လူ | ဦးတင်ဦး |
ဆက်ခံသူ | ဒေါက်တာဌေးအောင် |
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး | |
တာဝန်သက်တမ်း ၃၀ ဇူလိုင် ၂၀၁၂ – ၂၆ စက်တင်ဘာ ၂၀၁၃ | |
ယခင်လူ | လင်းမြိုင် |
ဆက်ခံသူ | ကျော်မျိုးထွဋ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ဇွန် ၁၉၊ ၁၉၅၃ |
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်ခင်ဝင်းရီ |
သားသမီး | သမီး ၂ဦး |
မိခင်ကျောင်း | စစ်တက္ကသိုလ် |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် |
အမှုထမ်းကာလ | ၁၉၇၅ -၂၀၀၀ |
ရာထူး | ဒုတိယဗိုလ်မှူးကြီး |
ဦးသန်းဆွေ( ၁၉ ဇွန် ၁၉၅၃ဖွား)[၁] သည် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ် [၂] နှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၂ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ ယင်းမတိုင်ခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ[၃] အဖြစ်လည်းကောင်း၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ[၄] အဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့၍ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။
ပညာရေး
[ပြင်ဆင်ရန်]ဦးသန်းဆွေသည် စစ်တက္ကသိုလ် အမှတ်စဉ်(၁၆)ကို တက်ရောက်ခဲ့သူဖြစ်သည်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်လောင်းအဖြစ် စစ်တက္ကသိုလ်သို့ ဝင်ရောက်ခဲ့ပြီး ၁၉၇၅ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းပြီးဆုံးသည်။
အလုပ်အကိုင်
[ပြင်ဆင်ရန်]၎င်း၏ အစောပိုင်းအသက်မွေးဝမ်းကြောင်းကို မြန်မာ့တပ်မတော်တွင် ဖြတ်သန်းခဲ့သည်။ ၁၉၇၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၀၀ ခုနှစ် မေလအထိ တပ်မတော်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။ မိခင်တပ်ရင်းမှာ ကချင်ပြည်နယ် ဟိုပင်အခြေစိုက် ခလရ-၄၀ဖြစ်သည်။ ၂၀၀၀ပြည့်နှစ် မေလတွင် တပ်မတော်မှ အငြိမ်းစားယူပြီး ထိုအချိန်မှစ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီလက်ထက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ၂၀၀၈ မတ်လ အထိ တာဝန်ထမ်းဆောင်သည်။ ယင်းနောက် ၎င်းသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ ဒုတိယသံအမတ်ရာထူးဖြင့်၂၀၀၈ ခုနှစ် မတ်လမှ ၂၀၀၉ ခုနှစ် မတ်လအထိ ကုလသမဂ္ဂ၏ လက်ထောက်အမြဲတမ်းကိုယ်စားလှယ်အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင်ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။[၅]သမ္မတဦးသိန်းစိန် လက်ထက်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သံတမန်လောကမှ အငြိမ်းစားယူခဲ့သည်။[၆] [၇]
နိုင်ငံရေး
[ပြင်ဆင်ရန်]၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီက ၎င်းအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်သည်။ ၂၀၂၂ ဩဂုတ် ၁၉ တွင် ထိုရာထူးမှနေ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ကာ ၂၀၂၃ ဖေဖော်ဝါရီ ၁ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်လာသည်။ [၈]
မိသားစုဘဝ
[ပြင်ဆင်ရန်]သမီး ၂ဦးရှိကာ သမက်ဖြစ်သူမှာ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသူ ဦးအောင်ကို ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရုန်းကန်ရဦးမည့် စစ်ကောင်စီ၏ အသက် ၇၀ အရွယ် နိုင်ငံခြားရေးဝန်ကြီးသစ်။ Myanmar Now (၁၇ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၆၁ / ၂၀၂၃ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၂ ရက် (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃ ရက်) ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း။ MOI Myanmar (၃ ဩဂုတ်၂၀၂၃)။ ၃ ဩဂုတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဦးသန်းဆွေ ကိုယ်ရေးအချက်အလက်။ UCSB Myanmar။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကော်မရှင်ဥက္ကဋ္ဌ ပြောင်းလဲခန့်အပ်ခြင်း (၅၁/၂၀၂၂)။ ACCM Myanmar (၁၉ ဩဂုတ် ၂၀၂၂)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ His Excellency Than Swe။ The Washington Diplomat (၁၁ နိုဝင်ဘာ ၂၀၁၀)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Than Swe: Burma’s new US ambassador။ Mizzima (၂ အောက်တိုဘာ ၂၀၁၂)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ New Burmese Ambassador Meets Obama။ The Irrawaddy (၃၀ ဇွန် ၂၀၁၂)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ဦးကိုကိုလှိုင် အာရှဇုန်ရှိ မြန်မာသံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများ၊ လော့အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်တို့ကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပွဲပြုလုပ်။ Eleven Media (၁၇ ဖေဖော်ဝါရီ ၂၀၂၃)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။